အားလုံး မင်္ဂလာပါ.... လာရောက်လည်ပတ်တေ လူတိအားလုံးကို ဝမ်းမြောက်ဝမ်းသာနန့် ကြိုဆိုပါရေ...

Saturday 29 September 2012

ရသေ့တောင် ရခိုင်ဒေသ လူထု အစည်းအဝေးမှ ဆုံးဖြတ်ချက် ၁၈ ခု၊ ကန့်ကွက်ချက် ၆ ခုနှင့် အဆိုပြုချက် ၃ ခု ချမှတ်

စက်တင်္ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၂ ရက်တိုင်တိုင်  ကျင်းပပြုလုပ်ခဲ့သော ရခိုင်ဒေသ လူထု အစည်းအဝေးမှ နိုင်ငံတော် အစိုးရသို့ တင်ပြမည့်  ဆုံးဖြတ်ချက်၊ ကန့်ကွက်ချက်နှင့် အဆိုပြုချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။


(၂၅/၂၆-၉-၂၀၁၂) နေ့များတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်
ကျင်းပသောရခိုင်ဒေသလူထုအစည်းအဝေး က နိုင်ငံတော် အစိုးရသို့ တင်ပြတောင်းဆိုချက်များ
Photo: Narinjara


Wednesday 26 September 2012

ပထမနေ့ ရခိုင်လူထုအစည်းအဝေးကြီး အောင်မြင်စွာပြီးဆုံး

RTD Congress  2ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အလိုတော်ပြည့်ကျောင်းတိုက် ဗောဓိသုခဓမ္မာရုံတွင်ပြုလုပ်သော ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးကြီး ပထမနေ့ကို စက်တင်ဘာ ၂၅ ရက်၊ နံနက် (၇: ၃၀) တွင်စတင်ကျင်းပကာ ညနေ ၅ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

လူထုအစည်းအဝေးတွင် ရခိုင်အရေးကျွမ်းကျင်သူ (၁၆)ဦး၏ ရခိုင်အရေးနှင့်ပတ်သက်သော စာတမ်းများအား ဖတ်ကြားခဲ့ကြပြီး၊ မြို့နယ်(၆)ခုမှ ကိုယ်စားလှယ်များကလည်းသဘောထားအမြင်များတင်ပြခဲ့ကြသည်။
စာတမ်းများဖတ်ကြားရာတွင် ရခိုင်သမိုင်းဖြစ်စဉ်များ၊ ရိုဟင်ဂျာဆိုသည်မှာ သမိုင်းအဆက်ဆက်ကပင် ရခိုင်ပြည်နယ်မှာလုံးဝ မရှိခဲ့ကြောင်း၊ တိုင်းတစ်ပါးမှခိုးဝင်လာသူ ဘင်္ဂလီများနှင့်အတူနေ၍ လုံးဝမဖြစ်နိုင်ကြောင်းကို မီးမောင်းထိုးပြ ထားသလို ယနေ့ရခိုင်လူငယ်များအနေဖြင့် ရခိုင်သမိုင်းဆိုင်ရာ ဖြစ်ရပ်မှန်များကိုသိရှိနားလည်စေသည့် စာတမ်းများဖြစ်သည်။

Sunday 23 September 2012

မြောက်ဦးမြို့တွင် အိမ်ခြံဈေး နှစ်ဆမြင့်တက်



မြောက်ဦးမြို့ဝင် တနေရာ (ဓာတ်ပုံ – နိရဉ္ဇရာ)
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ပြီးခဲ့သည့်လနှင့် ယခုလအတွင်း အိမ်ခြံမြေ ဝယ်ယူသူ များပြားလာမှုကြောင့် ဈေး တက်လာနေသည့်ဟု ဒေသခံများထံမှ သိရသည်။

ပုဏ္ဍားကျွန်းတွင် ရထားတွဲ တိမ်းမှောက်၊ ခရီးသည် တချို့ ဒဏ်ရာရ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းနှင့် ယိုးတရုတ်အကြား ပြေးဆွဲနေသော ရထားနောက်တွဲ လမ်းချော် တိမ်းမှောက် သွားသဖြင့် ခရီးသည် တချို့ ဒဏ်ရာ ရရှိသွားခဲ့သည်။

ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေး ကန့်သတ်မှု ပြန်လျှော့ပေး

လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ ကျင်းပမယ့် ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးနဲ့ ပတ်သက်ပြီး ကန့်သတ်ခဲ့တဲ့ အချက်တွေကို အာဏာပိုင်တွေက ပြန်လည်အလျှော့ပေးလိုက်ပြီလို့ လူထုအစည်းအဝေး ဖြစ်မြောက်ရေး ကော်မတီမှာပါဝင်တဲ့ ကိုတေးနွယ်အောင်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦး ကျောက်တော် ရဲစခန်း အချုပ်ခန်း ဖောက်ထွက်ပြေး

ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦးသည် ယနေ့ (စက်တင်္ဘာလ ၂၁ ) ရက်နေ့ နံနက်က အချုပ်ခန်းကို ဖေါက်ပြီး ထွက်ပြေး  လွှတ်မြောက်သွားကြောင်း သတင်း ရရှိသည်။



back to top