အားလုံး မင်္ဂလာပါ.... လာရောက်လည်ပတ်တေ လူတိအားလုံးကို ဝမ်းမြောက်ဝမ်းသာနန့် ကြိုဆိုပါရေ...

Monday 28 May 2012

ရခိုင်ပြည်နယ်မှာတည်ဆောက်နိန်ရေ ရီအားလျှပ်စစ်စီမံကိန်း

bbc river

မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှာ တည်ဆောက်ဖို့ လေးမြို့မြစ်ရီအားလျှပ်စစ်စီမံကိန်းကို စတင် အကောင်အထည်ဖေါ်နိန်စွာနန့်ပတ်သက်လို့ ယင်းပတ်ဝန်းကျင်မှာ နိန်ထိုင်ကတ်တေ
ချင်းတိုင်းရင်းသားကျေးရွာတိနန့် ရခိုင်တိုင်းရင်းသားကျေးရွာတိ စုစုပေါင်း ရွာ တစ်ရာလောက် ပြောင်းရွှိလားကတ်ရဖို့ အခြေအနေတိနန့် ရင်ဆိုင်နိန်ရပါရေ။

 
မတ်ဂါဝပ် ၅၀၀ လောက် ထုတ်လုပ်နိုင်ဖို့ ဒေ လေးမြို့မြစ်ရီအားလျှပ်စစ်စီမံကိန်းကို ချင်းပြည်နယ် ပလက်ဝမြို့နယ် ခဘွေချေကျေးရွာအနားမှာ စတင် အကောင်အထည်ဖေါ်နိန်ဗျာယ်ဆိုရေအကြောင်းကို ဒေသခံတိကပြောပြစွာပါ။

ယင်းနိန်ရာမှာ မှတ်တိုင်တိကို တရုတ်အိင်ဂျိင်နီယာတိနန့် မြန်မာအိင်ဂျိင်နီယာတိ စိုက်ထူနိန်ကတ်ပျယ် ဆိုရေအကြောင်း၊ ယင်းမှာနိန်ထိုင်နိန်ကတ်တေ ဒေသခံတိကိုလေ့သင့် နိန်ရာရွှိပြောင်းပီးကတ်ဖို့ အတွက်ကို သက်ဆိုင်ရာအာဏာပိုင်တိက လာပြောကတ်တေဆိုရေ အကြောင်းတိကိုလေ့သင့် ပြောပြကတ်ပါရေ။

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် တာဝန်ရှိလူကြီးတစ်ယောက်လေ့  ရောက်လာပြီးကေ အေဂုလက်ရှိနိန်ထိုင်
ကတ်တေ မြစ်ကမ်းဘေးနားက ကျေးရွာတိ တောင်ထက်ကနိန်ရာလွတ်တိကို ပြောင်းပီးလားကတ်ဖို့ လာပြောရေလို့လေ့ သိရပါရေ။ ပြောင်းရွှိပီးကတ်ရဖို့ အချိန်ကာလကိုတော့ကေ အတိအကျမပြောခလို့ပြောပါရေ။

ယင်းနိန်ရာကို ကိုယ်တိုင်လားရောက်လေ့လာခီရေ မြောက်ဦးမြို့ဒေသခံတစ်ယေက် ပြောပြစွာက ယင်းလေးမြို့မြစ်ရီအားလျှပ်စစ်စီမံကိန်းက ထုတ်ယူရရှိလာဖို့ လျှပ်စစ်ဓါတ်အားတိကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစိုဉ်တိအတွက် အသုံးချလားဖို့ အစား ပြည်ပနိုင်ငံတိကို ရောင်းစားပစ်လိုက်ဖို့ဆိုရ သတင်းတိကြောင့် ဒေသခံတိက စိတ်ပူနိန်ကတ်တေလို့ ဆိုပါရေ......

By : BBC NEWS

No comments:

Post a Comment

Note: only a member of this blog may post a comment.

back to top