အားလုံး မင်္ဂလာပါ.... လာရောက်လည်ပတ်တေ လူတိအားလုံးကို ဝမ်းမြောက်ဝမ်းသာနန့် ကြိုဆိုပါရေ...

Monday 21 May 2012

၂၀၁၂ ခုနှစ်၊ မေလ ၂၀ ရက်နိန့်တွင် ကျရောက်သည့် အရှိတီမော နိုင်ငံ၏ ဆယ်နှစ်မြောက်လွတ်လပ်ရေးနိန့်အား ဂုဏ်ပြုဖေါ်ပြအပ်ပါသည်။

တရားဝင်အမည်။   ။ တီမောလက်တီဒီမိုကရက်တစ်သမ္မတနိုင်ငံ။
နိုင်ငံတည်ထောင်သည့်ခုနှစ်။   ။ ၂၀ဝ၂
မြို့တော်။   ။ ဒီလီ
လူဉီးရေ။   ။ ၁ ၁၃၁ ၆၁၂ ဉီး (ဂျူလိုင် ၂၀ဝ၉)။

လူဉီးရေသိပ်တည်းမှုနှုန်း။   ။ ၁စတုရန်းမိုင်လျှင် ၁၃၈ ယောက် (၁ စတုရန်းခီလိုမီတာလျှင် ၅၃ ယောက်)
အကျယ်အဝန်း။   ။ ၅၇၅၆ စတုရန်းမိုင် ( ၁၄၈၇၄ စတုရန်းခီလိုမီတာ)
(လက်ဟိ ရခိုင်ပြည် ဧရိယာ၏ ၃ ပုံ ၁ ပုံ ကျကျော်ချေဟိပါသည်။)
ပြောဆိုသည့်ဘာသာစကား။   ။ တီတမ် (ပေါ်တူဂီ၊ အောစထရိုနီသျှန်)၊ ဘာဟာစာ၊ အိန်ဒိုနီသျှန်း၊ ပေါ်တူဂီ။
ကိုးကွယ်သည့်ဘာသာ။   ။ ရိုမန်ကက်သလိ ၉၅ ရာနှုန်း၊  အခြား ၅ ရာနှုန်း။
နိန်ထိုင်သည့်လူမျိုးများ။   ။ ပါပူအာအုပ်စုဝင် (ခန့်မှန်းခြီ) ၈၅ ရာနှုန်း၊ အိန်ဒိုနီးသျှန်း (ခန့်မှန်းခြီ) ၁၃ ရာနှုန်း၊  တရုတ် ၂ ရာနှုန်း။
အစိုးရ။   ။ ပြည်သူ့လွှတ်တော်စံနစ်။
ငွေကြေးယူနိ။   ။ ၁ အမေရိကန်ဒေါ်လာ လျှင် ၁၀ဝ ဆင့်။
စာတတ်မြောက်မှုနှုန်း။   ။ နိုင်ငံလူဉီးရေ၏ ၅၉ ရာနှုန်း။
ကယ်လိုရီစားသုံးမှု။   ။ တိကျသောစာရင်းအင်းမဟိသိပါ

နိုင်ငံသမိုင်းအကျဉ်း

အရှိ့တီမောကျွန်းတွင်မူလတိုင်းဉီးသားများအဖြစ် အထိုနီ (Atoni) နှင့် ဘေလူး (Belu) လူမျိုးများစတင်အခြီချနိန်ထိုင်သည်။ နောက်ပိုင်းတွင်တီမောကျွန်းသား များသည်တေတမ် (Tetum) စကားပြော မလေး၊ မေလာနီးသျှန်း နှင့် အော်စထြို နီးသျှန်းများအဖြစ်ပြောင်းလဲလာပါသည်။ ယင်းကျွန်းစုသို့ ၁၅၀ဝ ခုနှစ်ခန့်မှစ ၍ ပေါ်တူဂီနှင့် ဒတ်ခ်ျ များဝင်ရောက်လာခပြီး ၁၉၁၃ ခုနှစ်မှစ၍ အရှိ့တီမော သည် ပေါ်တူဂီသြဇာခံနယ်ပယ်တခုအဖြစ်သတ်မှတ်ခြင်းခံခရပါသည်။ ၁၉၇၄ ခုနှစ်တွင်ပေါ်တူဂီတော်လှန်ရေးနှင့်အတူ အရှိ့တီမောအားကိုလိုနီစနစ်ဖျက် သိမ်းရေး (Decolonization of East Timor) ကို စတင်ခပြီး ၁၉၇၅ နိုဗမ်ဘာ တွင်အရှိ့တီမောသည် လွတ်လပ်သောနိုင်ငံတခုဖြစ်လာလတ်ပါသည်။

သို့သော် ယင်းနှစ် ဒီဇိမ်ဘာလတွင် သောင်းနှင့်ချီသည့် ကုန်း၊ ရီ၊ လီ ကြောင်းစုံ ပါဝင်သည့် အိန်ဒိုနီးသျှားတပ်များသည် အရှိ့တီမောသို့ အလုံးအရင်းနှင့် ဝင်ရောက်သိမ်းပိုက်လိုက်ပြီး ၁၉၇၆ ခုနှစ်တွင် ယင်းနိုင်ငံချေအား အိန်ဒိုနီးသျှား၏ ခရိုင်တခုအဖြစ်သတ်မှတ်လိုက်ပါသည်။ ယင်းသိမ်းပိုက်မှုတွင် စစ်ဘေး၊ အငတ်ဘေးနှင့် ရောဂါဘယဘေးများဆိုက်ကာ ခန့်မှန်းခြီအားဖြင့် အရှိ့ တီမောနိုင်ငံသား လူ နှစ်သိန်းခန့် သီဆုံးလားပါသည်။

၁၉၉၇ ခုနှစ်တွင် အိန်ဒိုနီးသျှားသမ္မတဆူဟာတို (Suharto) ရာထူးမှဆင်း လားပြီးနောက် ဟာဘီဘီ (Habibie) ၏လက်ထက်တွင် အရှိ့တီမောအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ (Autonomy) တခုအဆင့်သို့ တိုးမြှင့်ပီးအပ် လိုက်ပါသည်။ သို့သော်အိန် ဒိုနီးသျှားစစ်တပ်များသည်အရှိ့တီမောတွင် လူ့အခွင့် အရေး၊ ပြည်သူ့အခွင့်အရေး များချိုးဖေါက်ကာ ဗိုလ်ကျစိုးမိုးမှုများဆက်လက် တည်ဟိနိန်ရာ တီမောသားများ သည်ယင်းအခြေအနေအပေါ်အမြဲမပြတ် ဆန့် ကျင်တော်လှန်မှုများပြုလုပ်နိန်ခကတ် ပါသည်။

သို့ဖြင့် ၁၉၉၉ ခုနှစ်တွင်နိုင်ငံသားများ လွတ်လပ်ရေး လို မလို အားပြည်လုံးကျွတ် ဆန္ဒမဲကောက်ခံမှုပြုလုပ်ရာပြည်သူအားလုံး၏ ၇၈ ရာနှုန်းမှ လွတ်လပ်ရေးလို လားကြောင်းဆန္ဒမဲပီးကတ်ရာသြစတြေးလျှားဉီးဆောင်သည့် ကမ္ဘာ့ကုလ သမဂ္ဂတပ်ဖွဲ့များဝင်ရောက်ကာကွယ်ပီးမှုများဖြင့် ၂၀ဝ၂ ခုနှစ်၊ မေလ ၂၀ ရက်နိ တွင်အရှိ့တီမောသည် လုံးဝလွတ်လပ်သည့် ကိုယ်ပိုင်အချုပ်အချာအာဏာ ပိုင်နိုင်ငံတနိုင်ငံဖြစ်ပါလတ်ပါသည်။

No comments:

Post a Comment

Note: only a member of this blog may post a comment.

back to top