အားလုံး မင်္ဂလာပါ.... လာရောက်လည်ပတ်တေ လူတိအားလုံးကို ဝမ်းမြောက်ဝမ်းသာနန့် ကြိုဆိုပါရေ...

Thursday 17 May 2012

ရက္ခိတပညာရေးရံပုံငွေ (မြောက်ဦး) ဖွဲ့စည်းခြင်း


မိဘမဲ့ကလေးများအား စောင့်ရှောက်နေသော ကျောင်းများနှင့် ပရဟိတကျောင်းများဖြစ်သော ရမ္မာဝတီဆရာတော်အရှင်ပညာစာရ-ဦးဆောင်သော မဟာမုနိဗုဒ၀္ဓိဟာရ မိဘမဲ့ကျောင်း(စစ်တွေ) ၊ ဆရာတော်ဇယန္တဗေါဓိ ဦးဆောင်သောကရုဏာဥယျာဉ်ပရဟိတကျောင်း (မြောက်ဦး/အထက်လေညင်းတောင်) ၊ ဆရာဦးကျော်ထွန်းအောင် (စာရေးဆရာ သမိုင်းသုတေသီ - တက်ထွန်းနီ/မြောက်ဦး) တို့ ဦးဆောင်သော တေဇာရာမ ပရဟိတ ကျောင်း(မြောက်ဦး) တို့မှာပညာသင်ကြားနေကြသော မိဘမဲ့နှင့်
မရှိဆင်းရဲ ကလေးများ၏ ပညာရေး အတွက် ရေရှည် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ပညာရေးရန်ပုံငွေ ရာသက်ပန်ငွေပဒေသာပင်တစ်ခုကို ဦးထွန်းအောင်ကျော်(မလေးရှား) မှဖွဲ့စည်းပေးပြီး              
 (၁) ဦးကျော်ထွန်းအောင် (စာရေးဆရာတက်ထွန်းနီ/မြောက်ဦး)၊ (၂) ဦးမောင်ကျော်ဇော (စာရေးဆရာမောင်ကျော်ဇော)၊ (၃) ဦးဦးမြသာ(ပညာရေးမှုး/ငြိမ်း)၊ (၄) ဦးသန်းမြင့် (စာရေးဆရာ)၊ (၅) ဦးရွှေမောင်(လူမှုရေးအကျိုးဆောင်) တို့ကဦးဆောင်ပြီး
 အခြားအဖွဲ့ဝင် (၁၀)ဦးနှင့်အတူ ရက္ခိတပညာရေးရံပုံငွေ (မြောက်ဦး) ကို ဖွဲ့စည်းထားပြီးဖြစ်ပါသည်။

မှတ်ချက်။  ရက္ခိတပညာရေးရံပုံငွေ (မြောက်ဦး)  နှင့် ယဉ်ကျေးမှုရံပုံငွေ (မလေးရှား) သည် ရမ္မာဝတီ ဆရာတော်အရှင်ပညာစာရ ဦးဆောင်သော မဟာမုနိဗုဒ္ဓ၀ိဟာရ မိဘမဲ့ကျောင်း(စစ်တွေ) နှင့် ဆရာတော်ဇယန္တဗေါဓိ ဦးဆောင်သော ကရုဏာဥယျာဉ်ပရဟိတကျောင်း  (အထက်လေညင်းတောင်/မြောက်ဦး) ကျောင်း များအား ယခင်က သိန်း(၃၀)ကျော် လှူဒါန်းထားပြီး ဖြစ်ပါသည်။

ရမ္မာဝတီ ဆရာတော်အရှင်ပညာစာရ (ဖုန်း-0943194702) နှင့် ဆရာတော်ဇယန္တဗေါဓိ (တဆင့်ဖုန်း-098501558) များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ ရက္ခိတပညာရေးရန်ပုံငွေ (မြောက်ဦး) အတွက် စတင်မတည်ငွေ သိန်း(၃၀)ကို ရက္ခိတလူမှုရေးနှင့် ယဉ်ကျေးမှုရံပုံငွေ (မလေးရှား) မှစတင်လှူဒါန်းထားပြီး ရန်ပုံငွေ သိန်း(၁၀၀) ပြည့် မှီ အောင် နောက်ထပ်ရံပုံငွေ သိန်း(70) ကိုလည်း ရကတ္ခိလူမှုရေးနှင့် ယဉ်ကျေးမှုရန်ပုံငွေ (မလေးရှား) မှ ဆက်လက်ရှာဖွေ ဖြည့်ဆည်း သွားမည် ဖြစ်ပါသည်။

ရရှိလာသော ရန်ပုံငွေ ကို ဘဏ်မှာအပ်နှံပြီး ရရှိလာသောဘဏ်တိုးကို ထုတ်ကာ ကလေးငယ်များ၏ပညာရေးအတွက် သုံးစွဲသွားမည် ဖြစ်ပါသည်။ သို့မဟုတ် ပါက ကြီးကြပ်ရေးကော်မီတီ၏ သဘောတူညီမှုဖြင့် ရံပုံငွေကို ရင်နှီးမြှုပ်နှံပြီး ရရှိလာသော အကျိုးအမြတ်ဖြင့် ကလေးငယ်များ၏ ပညာရေးအတွက် ထောက်ပံ့မည် ဖြစ်ပါသည်။ မတည်ငွေကိုမူ လုံးဝသုံးခွင့်မရှိဘဲ ထာဝရတည်တံ့အောင်နှင့် တိုးပွါးအောင် ထိန်းသိမ်းသွားမည် ဖြစ်ပါသည်။

စိတ်ပါဝင်စားသောပုဂ္ဂိုလ်များ အနေဖြင့်
ဦးထွန်းအောင်ကျော် - မြန်မာ့ဥယျာဥယျာဉ် (ရက္ခိတလူမှုရေးနှင့်ယဉ်ကျေးမှုရုံငွေ - မလေးရှား)  (+60166603040Emailtakyaw1952@gmail.com ကိုဖြစ်စေ၊
ဦးကျော်ထွန်းအောင် (စာရေးဆရာ-တက်ထွန်းနီ/မြောက်ဦး) လက်ကိုင်ဖုန်း-0949670329 ကိုဖြစ်စေ-ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အလှူငွေ နည်း/များ မဆို ပါဝင်ကူညီလိုသူများ ဦးထွန်းအောင်ကျော် (မြန်မာ့ဥယျာဉ် - ရက္ခိတလူမှုရေးနှင့်ယဉ်ကျေးမှုရံပုံငွေ / မလေးရှား)ထံသို့ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ကျေးဇူးတင်ပါသည်။
2.3.2012

Link : http://gissapa.blogspot.com/2012/03/blog-post_03.html

No comments:

Post a Comment

Note: only a member of this blog may post a comment.

back to top